About Us
Tomo Mart Cargoနဲ့ ပစ္စည်းပို့ဆောင်ရေး စည်းမျဉ်း၊စည်းကမ်းချက်များ
- 🏅ရွှေ၊ငွေ၊ငွေကြေး၊လက်ဝတ်ရတနာ၊မူးယစ်ဆေးဝါး၊တားမြစ်ပစ္စည်းများ ခိုးထည့်ပါက ဒဏ်ငွေ - ၁၅ သိန်းကျပ် ပေးဆောင်ရပါမည်။ တားမြစ်ပစ္စည်းများတင်သွင်းလာပါက Customers ၏ တာဝန်သာဖြစ်ပါသည်။
 - 🕵️♂️သက်ဆိုင်ရာနိုင်ငံမှ Customs Duty အခွန်ကျသင့်ပါက ပစ္စည်းလက်ခံသူမှသာ ပေးဆောင်ရပါမည်။
 - 🕵️♂️ Customs ဘက်မှ တားမြစ်ပစ္စည်းမဟုတ်သော်လည်း တင်သွင်းခွင့်မပြုဟု သတ်မှတ်လိုက်သော ပစ္စည်းများကို ဖျက်စီး၊သိမ်းဆည်း၊ဒဏ်ငွေဆောင်ခိုင်းခြင်းများ ပြုလုပ်နိုင်ပါသည်။ ပစ္စည်းများ (ပစ္စည်းပုံးလိုက်) မြန်မာပြည်ဘက်သို့ ပြန်လည်ပို့ဆောင်နိုင်ပါသည်။ သက်ဆိုင်ရာ Customs ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါသောကြောင့် TOMO Mart ဘက်မှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ။ မြန်မာပြည်သို့ ပစ္စည်းပြန်လည်ပို့ဆောင်ခ ကီလိုခများကိုလည်း Customers ဘက်မှ ပေးဆောင်ရပါမည်။
 - 🕵️♂️ သက်ဆိုင်ရာနိုင်ငံ၏ Customs စစ်ဆေးကြန့်ကြာမှုကြောင့်ဖြစ်သော ဆုံးရှုံးနစ်နာမှုများကို Tomo Mart Cargo ဘက်မှ တာဝန်ယူမည် မဟုတ်ပေ။
 - 🥩 အသားများတင်ပို့ခြင်းအတွက် ဖြစ်ပေါ်လာသော ပြဿနာများကို လက်ခံမှသာလျှင် တင်ပို့ပေးမည်ဖြစ်ပါသည်။
 - 🛫 ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ပစ္စည်းပို့ဆောင်ရေးလမ်းကြောင်းများ ကြိုတင်အသိပေးအကြောင်းကြားချက်မရှိဘဲ ရပ်ဆိုင်းနိုင်ပါသည်။
 - 📍အထက်ပါစည်းမျဉ်း၊စည်းကမ်းချက်များကို Customers ဘက်မှ သိရှိနားလည်၊သဘောတူ လက်ခံပြီးမှသာ ကီလိုဖိုးကျသင့်ငွေကို ပေးချေပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
 - 📍ကီလိုဖိုးငွေပေးချေပြီးပါက စည်းမျဉ်း၊စည်းကမ်းချက်များကို Customers ဘက်မှ လက်ခံသည်ဟု ယူဆ၍ ပစ္စည်းပို့ဆောင်ပေးမည် ဖြစ်ပါသည်။
 

About TOMO Mart
TOMO Mart သည် ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ့အသင့်စား စားသောက်ကုန်များကို တစ်နေရာတည်းတွင် စုံလင်စွာ ဝယ်ယူနိုင်စေဖို့ ရည်ရွယ်ထားသော Marketplace တစ်ခုဖြစ်ပါသည်။ လက်ရှိတွင် တာမွေမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ဆိုင်ခွဲ (၂) ခုဖွင့်လှစ်ကာ လက်လီ/လက်ကားစနစ်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့သည်
- ✔ ဈေးနှုန်းသက်သာမှု
 - ✔ အရည်အသွေးကောင်းမွန်မှု
 - ✔ တစ်နေရာတည်းမှ လွယ်ကူစွာရယူနိုင်မှု
 
ယခု Website ကို မိတ်ဆက်ထားခြင်းဖြင့် ပြည်တွင်းဖောက်သည်များသာမက ပြည်ပတွင်ရှိသော ဖောက်သည်များလည်း မြန်မာ့အရသာကို အချိန်မရွေး၊ နေရာမရွေး ဝယ်ယူနိုင်ရန် ရည်ရွယ်ထားပါသည်။

          
 English